Nikonghong

Home » Burmese » ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို

ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို

ကချင်ဒေသ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ ပြည်သူတွေ မြေဇာပင်ဖြစ်ပြီး အတိဒုက္ခရောက်နေရတဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဟာဝိုင်ယီ ငြိမ်းချမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Pillars of Peace အဖွဲ့ကြီးက ကျင်းပတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ ပဋိပက္ခကို ဖန်တီးသူတွေအနေနဲ့ အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ်လို့ သူက ဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက ဟိုနိုလူလူကနေ သတင်းပေးပို့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းရဲတဲ့သတ္တိရှိဖို့ လိုတယ်ဆိုတာ ပြောဆိုရင်း အပေးအယူ ညှိနှိုင်းတာကို အရှုံးပေးလိုက်ရတာ ဆိုပြီး မှားယွင်း ရှုမြင်တတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထောက်ပြ ပြောဆိုသွားပါတယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ ပျက်ကွက်ခဲ့ တာကြောင့် မြန်မာနိုင်ငံမှ လူမျိုးစု ပဋိပက္ခတွေ ဆက်ရှိနေသေးတာ ဖြစ်တဲ့အကြောင်း ပြောဆို သွားရင်းနဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေကြား အမျိုးသမီးနဲ့ ကလေးငယ်တွေ အတိဒုက္ခရောက်နေရတဲ့ အနေအထားတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ [VOA]

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Enter your email address to follow this blog and receive notifications of new posts by email.

Join 1,568 other followers

Blog Stats

  • 91,038 hits

A Lui Te

Twitter Updates

Error: Twitter did not respond. Please wait a few minutes and refresh this page.

Live Trific

google-site-verification: googled172884ff34d55c0.html